Tuesday, August 25, 2009

အတွေးများနဲ့ အဆွေးသမားလေး

ဒုက္ခတွေ သုခတွေနဲ့
ဖြစ်တည်နေတဲ့ ငါ့ဘဝ
အတွေးတွေနဲ့လဲ ကြုံနေရ
မမြဲမှုတွေကို လက်ကိုင်ထား
ငါလျှောက်နေတဲ့ လမ်းမများ
အတွေးများနဲ့ အဆွေးသမား...
သူ့ကိုတွေ့တဲ့ အချိန်ခဏ
အသက်ရှူဖို့ မေ့နေကြ
သူ့ရဲ့အပြုံးက တကယ်ဖမ်းစား
ကမ္ဘာကြီးတောင် ရပ်တန့်သွား
သူ့ရဲ့နှုတ်ခမ်းက ချိုသောစကား
အိပ်မက်ထိတောင် ကြားနေရ
မကြာသေးခင်က သိခဲ့ရ
သူ့နှလုံးသားကို ပိုင်လို့မရ
အတွေးများနဲ့ အဆွေးသမားဘ၀...


P.S. သူပျော်နေရင် ကျွန်တော်လည်းပျော်တယ်... ကျေနပ်ပါတယ်...


အချစ်များစွာနဲ့
"မင်းကိုချစ်တဲ့သူ"

4 comments:

Phyo Maw said...

PS ကို သဘောကျတယ်။

Dream said...

ကဗျားလေးကို အားပေးသွားပါတယ်...သူပျော်ရင် ကိုယ်လဲပျော်နိုင်ပါစေ..နော့်..:)

ကြယ်ဖြူစင် said...

ထာဝရပျော်ရွှင်နိုင်ပါစေနော်..
ခင်တဲ့
ကြယ်ဖြူစင်

moekhar said...

သူလည်း ပျော်
ကိုယ်လည်း ပျော်နိုင်ပါစေနော့ :D

Post a Comment