လူအမျိုးမျိုး ဘ၀အထွေထွေ
မတူညီကြတဲ့ ကံကြမ္မာရေ
အမုန်းအတွက် အသက်ရှင်ပြီး
အဆိပ်လေကို ရှူသွင်းနေသလို...
ပြန်ဆုံချိန်ကို မှန်းဆပျော်လို့
ဒီရင်ခွင်မှာ ခိုဝင်နိုင်ဖို့
ပြင်ဆင်ချိန် တခဏ
ကြားကြားနေရ သတင်းများက
အကောင်းမဲ့လို့ အဆိုးတွေထင်
ငါစိတ်ထဲ့တော့ အဆိုးမမြင်
ချစ်သူကိုပင် ဆက်ချစ်နေချင်...
သူ့အတွက်ဆို အတ္တကိုမေ့
ဘ၀စတေး မာနမြေချ
အချစ်ဝေငှ အမုန်းကိုဖုံး
သူ့အတွက်ဆို ဘ၀ရှုံးပစေ
အသက်သေစေ ပေးဆပ်နေမယ်...
ကျခဲ့တဲ့ သိက္ခာ ကောက်မရတဲ့အတိတ်မှာ
ထင်ကျန်နေခဲ့တဲ့ ဘ၀အိပ်မက်တွေ
တိမ်တွေလို လွင့်မျောရင်း
အချစ်တွေလည်း တန်ဖိုးမဲ့ခဲ့ပြီ....
ဘာဖြစ်ဖြစ်သူ့ကိုပဲ ချစ်နေဆဲ
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


0 comments:
Post a Comment