Sunday, September 20, 2009

ကံကြမ္မာရဲ့  ရိုက်ချက်

အရိပ်လို မင်းအနားမှာ
အတွေးပို ငါ့စိတ်တွေကို
ရုတ်သိမ်းဖို့ စဉ်းစားမိတယ်...
အခုဆို အပျော်တွေနဲ့
အရှေ့ ကို တွေးမိတဲ့အခါ
တွေ့ ရဲ့ တဲ့ ၀မ်းနည်းစရာ...
အတွေးကို အကောင်အထည်ဖော်
စိတ်ကူးကို အရူးလိုလုပ်
ရုပ်ရှင်လို သရုပ်ဆောင်ခဲ့တယ်...
ရင်ထဲမှာ အပူတွေနဲ့
အမြင်မှာ စိတ်ချမ်းသာစွာ
အပြင်မှာ အကြင်နာမဲ့လို့...
ချစ်ရတာ တရက်ထက်မကြာ
ခွဲရမှာ ဒီတသတ်ပါ
ပြန်ဆုံဖို့ လမ်းမရှိလို့
ကံကြမ္မာသို့  ဘ၀ကိုအပ်လို့
စီရင်ဖို့ ငါအဆင်သင့်စောင်နေမယ်
မဆုံနိုင်တဲ့ လမ်းများရဲ့  အလယ်....

P.S.  ကံကြမ္မာရယ်... မင်းနိုင်ပါတယ်...

ကံကြမ္မာကို အရွက်တိုက်ခဲ့တဲ့
မင်းကိုချစ်တဲ့သူ

2 comments:

ညရဲ့ကောင်းကင် said...

သူငယ်ချင်းတစ်ယောက်ပြောဖူးသလိုပဲ
ပိတ်သွားတဲ့တံခါးကို ကြည့်ပြီးဝမ်းနည်းမနေပါနဲ့
ပြန်လည်ပွင့်စေဖို့ ပိတ်သွားခဲ့တာလဲ ဖြစ်နိုင်ပါတယ်...
အဆင်ပြေပါစေကွာ

သံလွင် HeRo said...

အချိန်တွေကြာလာတော့လည်း
တာရာမင်းဝေပြောသလို
ချစ်လျက်နဲ့ဝေးရတယ်.
ကံကြမ္မာရယ်ဖိစီး
..............
..............
ဟိုးတုန်းကပျော်ခဲ့သူကြီး ပေါ့ဗျာ

Post a Comment