မေတ္တာဟာ ရောင်ပြန်ဟပ်တတ်တယ်တဲ့
လူတကာကို အကောင်းမြင် အပြစ်မမြင်တတ်တဲ့စိတ်က
အချစ်ဆိုတာရောက်လာတော့ ပြောင်းပြန်ဖြစ်ခဲ့တယ်...
အချစ်တဲ့ 'အ' လို့ ချစ်ခဲ့တာလား
ချစ်လို့ပဲ 'အ' သွားတာလား
မရေရာတာတွေရဲ့ ကြား
နှလုံးသားမှာ လုံးပါးပါးခဲ့တယ်...
လူတကာနဲ့ ဆက်ဆံတာ မကြိုက်တဲ့သူနဲ့
အပေါင်းအသင်းတွေကို ခုံမင်တဲ့ကျွန်တော်
တွေ့ ဖြစ်ခဲ့တော့ ချစ်တဲ့စိတ်နဲ့ သူ့အလိုက်နေရင်း
သူ့အတ္တကိုကြီးထွားလာအောင် မွေးဖွားပေးခဲ့တယ်...
ကျွန်တော့်မှာတော့ အတ္တကိုဘေးချ
မာနကိုခ၀ါချ ပြန်ရခဲ့တဲ့
ဝေခွဲမရတဲ့အချစ်ကို အဟုတ်ထင်
အစစ်ကိုပင်တွေခဲ့သလို အချိန်နဲ့အမျှ
ကြားရတဲ့ သတင်းတွေက မှားသယောင်
အမှန်တောင်မသိနိုင်တော့ဘူး
သူပဲဟန်ဆောင် ကောင်းခဲ့တာလား
ကျွန်တော်ပဲ လူကဲခတ်ညံ့ခဲ့တာလား
ကြိုတင်မပြင်ဆင်နိုင်တဲ့ အချိန်တော့
ရင်ကွဲမတတ် ခံစားချက်များက
နှလုံးသားမှာ မ၀င်ဆံ့နိုင်ပဲ
ကြေကွဲခြင်းအဖြစ်နဲ့ ဆုံးဆည်းခြင်းမရှိအောင်
ပြိုကွဲခြင်းနဲ့ အဆုံးသတ်ခဲ့ရတော့တယ်...
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


6 comments:
ဖြေးဖြေးပေါ့ဗျာ...ဝမ်းဂိုး တူးကမ်း :)
ပြောတော့ အချစ်မရှိတဲ့သူတဲ့ဗျာ။ နာမည်ကျတော့ မင်းကို ချစ်တဲ့သူ ပေးထားတယ်။
ရေးတဲ့ကဗျာကျ ကြေကွဲစရာ...
ခင်မင်စွာ စနောက်သွားပါသည်
အချိန်တန်တော့လည်း အဆင်ပြေသွားမှာပါ ..း))
ထိတယ်ဗျာ
really coool.... love ur poems..keep it up!!!!!! =)
really nice poem....
Post a Comment