ပင်လယ်ပြင်တွေ လှိုင်းထပ်တွေနဲ့
မြစ်ရေပြင်မှာ တည်ငြိမ်နေလျက်
ချစ်ရေပြင်တော့ ရေတွေခန်းလို့
လာဖူးခဲ့တဲ့ အပြန်လမ်းကို
စောင့်မျှော်နေလည်း ငါတစ်ယောက်ထဲ
အပြာရောင်ကောင်းကင် တိမ်တွေစင်လို့
အဖြူရောင်ကို အရောင်စွန်းထင်
တိမ်တိုက်မှာပင် အညိုရောင်သန်း
အရင်းကလမ်း ပြန်ကာလွမ်းလည်း
ကျန်နေဆဲမှာ ငါတစ်ယောက်ထဲ
သူရင်ခွင်ထဲ နေရာမရပဲ
အဝေးကပင် ကြည်နူးပျော်ရွင်
ကြည့်ရချိန်တွင် ငါ့အချစ်က
အကြိမ်ကြိမ်လွဲလို့ ဖြေတာမနည်းတဲ့
အချစ်စာမေးပွဲမှာ ထပ်ခါကျကာ
ငါ့ရင်ခွင်လည်း အရုံးနဲ့ပဲ
အသက်ရှင်ဆဲ ငါတစ်ယောက်ထဲ...
P.S 我會學著放棄你, 是因為我太愛你 ( i will learn to giv u up... 'cuz i luv u xo much...)
မင်းကိုချစ်တဲ့သူ
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


1 comments:
သဘာဝက သဘာဝအတိုင်းရှိနေတာပါ...
အချစ်စာမေးပွဲတိုင်းရဲ့ ကျရှုံးခြင်းနဲ့ အောင်မြင်ခြင်းကို တွက်ကြည့်ရင်
၃၀ % သာအောင်မြင်မှုရှိနေတာပါ...
ရရှိမှုနည်းလေ ပိုအောင်မြင်လေပဲလေ...
အကြိမ်ကြိမ်တောင် ကျရှုံးခဲ့ပြီးပြီပဲ...
ထပ်ပြီးဖြေဆိုခွင့်ရှိပါသေးတယ်....
ဘာလို့လဲဆိုတော့ အချစ်စာမေးပွဲတိုင်းဟာ
တိကျတဲ့မေးခွန်းမှမရှိတာ...
Post a Comment