Friday, October 2, 2009

ပျော်စရာကမ္ဘာ



ဒီထဲမှာ ကျွန်တော်မပါပေမယ့် ကြည့်လိုက်တဲ့အချိန်မှာ ပျော်ရွင်စရာတွေကိုတွေ့ခဲ့တယ်...
သူတို့ရဲ့ စည်းရုံးမှု လွတ်လပ်စွာ ပျော်ရွင်မှုများကို ကျွန်တော်ခံစားနေရသလို ခံစားခဲ့ရတယ်...
အားလုံးဒီလို စည်းစည်းလုံးလုံးနဲ့ ပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေ... ဒီပျော်ရွင်မှုတွေကို စာစီလို့
ကာရံမလှတဲ့ ကဗျာတပုဒ်အဖြစ်ဖန်းတီးခဲ့ပါတယ်... (ကဗျာအရေးအသား မကောင်းခြင်းကို သည်းခံပါ)

အိမ်အပြင်ထွက်လို့ စင်္ကပူရောက်နေတဲ့
ဘ၀တူ ညီအစ်ကိုမောင်နှမ ခံစားချက်တွေမျှလို့
ဝေဒနာတိုင်းကိုဖယ်ရှားဖို့ ညီညီညာညာလက်တွဲစို့
အရာရာတိုင်းကို အတူတူဖြတ်သန်းလို့
စင်္ကပူကအပူလိုင်းကို ပျော်ပျော်ရွင်ရွင်ကျော်လွှားဖို့
ကျွန်တော်တို့အားလုံး လက်တွဲစို့
အသက်မဲ့တဲ့ စင်္ကပူမနက်တိုင်းကို
နူးညံ့တဲ့ကျွန်တော်တို့ မေတ္တာတွေနဲ့ ဖြန်းပတ်လို့
ရောက်လာမဲ့ စင်္ကပူကမနက်တွေနဲ့
မှန်းမရတဲ့ ဒဏ်ရာတွေတိုင်းကို
လာရာလမ်းတိုင်း ပြန်စေဖို့
ကျွန်တော်တို့ရဲ့လက်များကို ညီညီညာညာတွဲထားစို့...



P.S.  "We were not Alone"


ထပ်တူခံစားရတဲ့
မင်းကိုချစ်တဲ့သူ

4 comments:

Mogok Thar said...

သွေးချင်း ညီအကို မောင်နှမများးး
စည်းလုံးခြင်းသည် ခွန်အားး
ဖြူစင်ရိုးသား ချစ်ခြင်းများနဲ့
ဘ၀ရဲ့ အမောများ ပြေစေသော်ဝ်

ညရဲ့ကောင်းကင် said...

အရမ်းကြိုက်တဲ့ သီချင်းပါ...
ဟုတ်ပါတယ်...
လာရာလမ်းအတိုင်း ပြန်စေဖို့
ညီညာစွာလက်တွဲကြပါစို့....

em0doLL said...

song narr htg loh ma ya pay mae'.. poem phat twar par tel... :) hee hee

မိုးခါး said...

အပျော်တွေ ကူးစက်သွားတယ် ..း)

Post a Comment