Tuesday, October 6, 2009

လွမ်းဆွတ်ခြင်း

မျက်ရည်စက်တွေ ရင်ကိုထွင်းဖောက်
မျက်ဝန်းအိမ်မှာ ငွေ့ရည်ဖွဲ့လို့
နံရံတဖက်က ကျန်နေတဲ့အလွမ်းနဲ့
မှောင်မိုက်တဲ့အခန်းထဲ ပျော်နေတဲ့ဖယောင်း
ပျံနေတဲ့မီးတောက်က ရင်ထဲကပူလောင်မှုနဲ့ယှဉ်ရင်
မပြောစလောက်လေးဖြစ်နေတယ်...
မဝေးဘူးဆိုတဲ့စကားနဲ့ စွယ်တော်ရွက်ရဲ့နှစ်ဖက်ပေါင်းတရွက်
အတိတ်ကအလွမ်းတွေနဲ့ ငါရေးနေတဲ့စာရွက်တွေ
ပြန်ဆုံမယ့်နေ့တွေဝေးလို့ ငါတယောက်ဘာဖြစ်နေ
တမ်းတမိတဲ့အချစ်တွေကလဲ ကဗျာမဆန်လှ
တခါတရံကမင်းနဲ့လဲ တဖန်ဘ၀မှာပြန်ဆုံချင်တယ်...
ရန်ရှာတဲ့စကားနဲ့ စိမ်းနေတဲ့မင်းအကြည့်
အဖြစ်တွေကိုမသိလို့ အပြစ်တွေကိုဆို
ဘ၀ဆိုတာမရှိတဲ့ ဒီအချစ်နှစ်ထွေအကမှာ
အသစ်ကိုငါမရှာ မင်းကိုတာချစ်နေမှာ
အမြဲရောက်တာ မင်းအနားပါ......


"မင်းကိုချစ်တဲ့သူ"

2 comments:

reenoemann said...

ဒီကဗျာလေးလဲ ကောင်းတယ် ညီ။
အကိုက ကဗျာကို မဝေဖန်တက်လို့
ဒီလောက်လေးပဲ ပြောပါရစေကွာ။

ခင်တဲ့ ရီနို

emodoll said...

လွမ်းနေတရ်ပေါ့....း)

Post a Comment