အပြုံးလေးကို ကဗျာထဲဆို
အချစ်ချိုချို တမ်းတကာငို
မရှိတော့မှ လွမ်းရသလို
အမုန်းတွေက လိုတာထက်ပို...
မမြင်နိုင်တဲ့ အရာတွေထပ်
ဗလာတွေနဲ့ အဖော်ပြုလျက်
စောင့်မျှော်နေခဲ့ အချိန်အတွက်
နာကြင်ခြင်းနဲ့ ကိုနေထိုင်လျက်...
ပျော်ရွင်စရာ အနာဂါတ်တွက်
လက်ရှိချိန်မှာ ကိုတို့ဝေးခဲ့
မပြောင်းလဲမဲ့ ကို့အချစ်တွက်
မင်းလေးယုံအောင် သစ္စာပြုခဲ့...
အဝေးရောက်တဲ့ ကို့အချစ်တွက်
ထားသွားခဲ့လို့ စိတ်မညစ်နဲ့
ခဏဆိုတဲ့ အချိန်လေးတွက်
အမြန်ဆုံဖို့ ကိုကြိုးစားလျက်
ထွက်ခွာနိုင်မဲ့ စလုံးကရက်
လက်ချိုးရေလို့ ကိုစောင့်နေခဲ့....
P.S. "မနက်ဖြန်တိုင်းမှာ မင်းနဲ့တွေ့နိုင်ဖို့ စောင့်နေခဲ့တယ်..."
မင်းကိုချစ်တဲ့သူ
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


4 comments:
အင်း တချိန်ချိန်ပေါ့ ပြန်တွေ့မှာပါ။ ဇွဲမလျှော့ပဲ စောင့်တာစောင့်မောင်း)
လေးစားလျက်
တောင်ပေါ်သား
စောင့်ညီရေ....
မနက်ဖြန်တိုင်းမှာမျှော်လင့်ချက်ရှိတယ်...
စလုံးကထွက်ရင် နှုတ်ဆက်သွားဦး...
ခင်မင်လျက်...
အစ်ကိုကတော့ သူစလုံးကိုရောက်မဲ့ရက် မျှော်နေရတယ်. ခံစားချက်ခြင်းတော့တူပါတယ်.
အားမလျှော့နဲ့ညီရေ တစ်နေ့ရောင်နီတွေ့မှာပါ.
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
အနေဝေးနေပေမဲ့ အချစ်တွေခိုင်ခိုင်မြဲကြပါစေ...
အနာဂတ်လှဖို့ ဖန်တီးနေရတဲ့အချိန်မှာ
ခတ္တဝေးကွာ...ဒါပေမဲ့ တစ်နေ့တော့ပြန်ဆုံမှာ
လက်ချိုးရေနေတဲ့ မနက်ဖြန်များစွာ
အင်း...အချစ်လေးနဲ့ဆုံရတော့မှာ...
Post a Comment