Tuesday, November 10, 2009

နောက်ဆုံး

မျက်နှာပေါ်ကျလာတဲ့ ရေစက်
မိုးရေ များ မျက်ရေလား...
မျက်မြင်တွေက သက်သေမလုပ်နိုင်တော့
ငါကတော့ ငိုင်တိုင်တိုင်
ရပ်နေတဲ့ဒိုင်ခွက်ထဲက စက္ကန့်သံကို
အသက်ရှူမေ့အောင် ကြည့်ငေး
ဝေးလေးလေး အတွေးတွေကိုပုံဖော်
ပျော်ခဲ့တဲ့အချိန်ကို မီးရှို့ခဲ့တယ်....

ကြုံကြိုက်တဲ့ မနက်တွေမှာ
အချိန်ကို ကြည့်လိုက်တိုင်း
အရင်ကကျောင်းတက်တဲ့ သမိုင်းကို
အမှတ်ရဆဲ လုပ်ရက်တဲ့
မင်းကိုလဲ လွမ်းနေဆဲပဲ...

မဆုံထိုက်တဲ့ တို့နှစ်ယောက်
ရူးမိုက်စွာ နှစ်ဘ၀ကို တစ်ဘ၀လျှောက်
ရောက်ရှိလာမဲ့ အခက်အခဲတိုင်း
အတူကျော်ဖြတ်ဖို့ မျှော်မှန်းလည်း
လမ်းခုလတ်မှာ လက်တွဲဖြုတ်ခဲ့ပြီပဲ...

အဖြစ်အပျက်တွေက အဓိပ္ပါယ်ရှိခဲ့ပေမယ့်
အခုအချိန်မှာတော့ အဓိပ္ပါယ်မဲ့ခဲ့ပြီ
ငါဆိုတာကလည်း မင်းရေးတဲ့ဇာတ်ထဲက
Vallain တစ်ယောက်ဖြစ်ခဲ့ပြီပဲ
Actor ဖြစ်ဖို့ စိတ်မကူးလည်း
ဇာတ်မြူးအောင်တော့ Joker ဖြစ်ချင်ခဲ့တယ်
Vallain ကို မလုပ်ဖူးလည်း
မင်းပျော်အောင်တော့ သရုပ်ဆောင်ခဲ့တယ်...

အခုအချိန်တော့ လျှောက်လှမ်းနေတဲ့
လမ်းတိုင်းမှာလည်း မင်းမပါလည်း
ငါတယောက်ထဲ ဖြစ်နေတာပဲ
ဝေးဒနာကိုလည်း နာကြဉ်းခြင်းနဲ့ဆေးကြော
မင်းသဘောကို မေးစရာမလိုအောင်
မင်းရှင်းခဲ့ပြီးပြီပဲ........


P.S. "thank u veri much for teachin me how to live alone..."

"မင်းကိုချစ်တဲ့သူ"

3 comments:

ညရဲ့ကောင်းကင် said...

ညီရယ်...
ဖတ်ရတာ ရင်နင့်လိုက်တာကွာ...

ဘာပြောရမှန်းတောင်မသိတော့ဘူး....
တယောက်တည်းမဟုတ်ပါဘူးကွာ...
ဘေးမှာ ညီအစ်ကိုမောင်နှမတွေအများကြီးပါ...
၁၅၀၀ မဟုတ်ပေမယ့် အေးမြတဲ့ ၅၂၈ မေတ္တာတွေက
အနီးလေးမှာပါကွာ..

အားလုံးအဆင်ပြေပါစေ...
ခင်မင်လျက်...

reenoemann said...

ကဗျာလေးမှ အဓိပ္ပာယ်တွေ အများကြီးပါနေတာတွေ့ရတယ်။

သိသလိုလိုနဲ့ မသိဘူးဖြစ်နေတယ်။

ကောင်းတယ်ညီ ဖတ်လို့။

ကိုရီနို

ဆောင်းနှင်းရွက် said...

အပီအပြင် ခံစားရေးဖွဲ့ထားတယ် နဲ့တူတယ် ..
သေချာ ပြန်ချော့လေကွယ် ...

Post a Comment