အရာရာကို တွေးလို့စိတ်ပူတတ်
သားသမီးရဲ့ အိပ်မက်
ပျော်ရွင်မှုနဲ့ စိတ်ဆင်းရဲမှု
မကောင်းမှုတွေကို တားဆီး
မပျက်ဆီးအောင် စောင့်ရှောက်တဲ့
ဒုတိယ ဘုရားသခင် ကျေးဇူးရှင် မွေးမိခင်...
ရင်နဲ့ရင်း၍ ကိုးလလွယ်
အသက်ကိုရင်းလို့ မွေးခဲ့တယ်
မမြင်နိုင်တဲ့ လမ်းတွေရဲ့ကြား
ခွဲခြားတတ်ရန် အမှားအမှန်
လမ်းကောင်းလျှောက်ရန် သွန်သင်ဆုံးမ
ရှေ့ဆောင်လမ်းပြခဲ့တယ်...
သားနှင့်သမီး မခွဲခြား
လိမ္မာ မလိမ္မာ မငြီးတွား
အားလုံးကို တန်းတူထားလို့
ကို့အသက်ထက်ပိုလို့ ချစ်ကြတယ်...
အရွယ်ရောက်တော့ မိဘမှာ
ရည်းစားထားမှားမှာ စိုးရိမ်လာ
သူတို့အတွက်တော့ ငါတို့က
ဘယ်တော့မှမကြီးတဲ့ ကလေးဘ၀...
မပြေလည်မှုကြောင့် ရပ်ဝေးတွင်
အိမ်ကထွက်လို့ လုပ်ငန်းခွင်ဝင်
တွေတဲ့ခါတိုင်း မေးနေကြ
သားဟိုမှာ အဆင်ပြေရဲ့လား...
တာဝန်တွေနဲ့ လုံးပန်းရ
အိမ်ပြန်ရမဲ့ နေ့ကိုတမ်းတ
သားသမီးကို တွေ့ချင်တာက
မိဘတွေရဲ့ ဆန္ဒ
အဝေးရောက်တဲ့ ငါတို့အတွက်
မိဘကျေးဇူး ဆပ်ဖို့က
မိဘစကားနားထောင်ကြ
မကောင်းမှုဟူသမျှရှောင်ရှားကြ...
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


11 comments:
ညီရေ. မိဘရဲ့ ကျေးဇူးကို နားလည်တတ်တဲ့ ငါ့ညီဘ၀ အရာရာ အောင်မြင်ပျော်ရွှင်ရပါစေ။ မိဘ မေတ္တာ ကို ခံစားသွားတယ်ညီရေ.။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
အယ် ~~ အကိုလေးက အိမ်လွမ်းနေတာလား
ကျနော် တော့ အမေ အကြောင်းရေးတာတွေ.တိုင်းမျက်ရည်လည်တယ်
အဝေးရောက်သားဆိုး ကို စိတ်မချလို့ ကောင်းကင်ပေါ်က အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေတဲ့ အမေ့ကိုလွမ်းလို့လေ :(
ဆုတောင်းပေးသွားတယ်နော်
မိဘအေးအရိပ် အပြည်. အဝ မှေးဆက်ခွင့်ရတဲ့သား လိမ္မာ လေး မြန်မြန်ဖြစ်ပါစေလို့:)
ပိုပြီးခံစားရတယ် ...
မိဘ အရိပ်လောက်
အေးချမ်းတဲ့ နေရာ မရှိပါဘူးးး...
မိဘတွေ အတွက်
သားသမီး ဆိုတာ
ကြီးလာတယ် ဆိုတာ မရှိ ..
အစဉ် အမြဲ
ကောင်းသည်ဖြစ်စေ ၊
ဆိုးသည်ဖြစ်စေ ၊
ချစ်နေကြတယ် နော် ...
အမေကိုအရမ်းလွမ်းလာပြီ နဂိုထဲက လွမ်းနေပါတယ်ဆို.. ကဗျာလေးကောင်းတယ်..
ခင်မင်လျှက်
အဆိပ်ခွက်
လွမ်းလိုက်တာ အမေရယ်လို့ ငြီးချင်သွားတယ်
ကိုရီနို
အမေ့ကိုလွမ်းတယ် ...
အိမ်ကိုလွမ်းတယ် ...
ကဗျာလေးကောင်းတယ်။ မိဘတွေရဲ့  မေတ္တာဟာ နေ့ ရောညရော သာတဲ့
လဝန်း ပါပဲ။
ခင်မင်လျက်
တလနွန်
အိမ်ကိုလွမ်းပါတယ်ဆို....
ရန်ကုန်ကိုအရမ်း လွမ်းနေတယ်...
ဝမ်နည်းလာပြီ...
T-T
လိမ္မာလာဘီ :P
听妈妈的话,别让她受伤
想快快长大,才能保护她。。。。
我非常喜欢这首歌,每次都听到就让想起妈妈
အမေ့ကို သတိရနေတတ်ပြီလား ?
ကဗျာကောင်းလေးပါ ကြိုက်တယ် စိတ်ထဲရှိတာလေး ရေးချတာ ရိုးသားမှုနဲ့ လွမ်းဆွတ်မှုကို ပေါ်လွင်စေပါတယ်.
Post a Comment