ခြေရာမပျက်မဲ့ အတိတ်တွေအတွက
်ငါတို့အတူတူ လျှောက်ခဲ့တဲ့နေ့ရက်
ဆုံနိုင်မယ်ဆိုတဲ့ အတွေးတစက်
သူ ကိုယ်တိုင် ချေဖျက်ခဲ့...
သူ့နှုတ်ခမ်းက ပြောခဲ့တဲ့စကား
We Belong Together
Love u forever
ယုံကြည်သောငါ စိတ်မှာခံစား...
ယိုယွင်းနေတဲ့ ငါ့ဘဝ
ပြင်ဆင်ချိန် ဒီခဏမှာ
မင်းအပြုံးလေးကို မြင်ချင်လဲ
အပြုံးတွေက အစစ်မဟုတ်ပဲ...
အရင်တုန်းက ငါတို့ဘဝ
တွေ့တဲ့လူတိုင်း အားကျကြ
အခုအချိန်တော့ ငါ့တို့ဘဝ
မြင်သူတွေက ဟားချင်ကြ...
ဆင်ခြင်ဥာဏ်မဲ့တဲ့ ငါ့စိတ်တွေက
လူအတစ်ယောက်လို မင်းရဲ့အပြုံးထဲ
ရုန်းထွက်ချင်လဲ ရုန်းမထွက်နိုင်လောက်အောင်
နှစ်ဝင်ခဲ့တယ်...
တခါပြုံးလိုက်တိုင်း တခါရှုံးနေသလ
ိုဒီအပြုံးကို စွဲလန်းမှုကြောင့်
အမုန်းဝင်္ကပါမှာ အချစ်ကိုရှာနေသလို
အတုတွေပြည့်နေတဲ့ ဒီကမ္ဘာမှာ
အစစ်ဆိုတာလည်း ပျက်သုဉ်းကုန်ပြီပဲ...
P.S "ဖြစ်ချင်တိုင်းဖြစ်ခွင့်မရလဲ ဖြစ်သင့်တာကိုပဲရွေးရတော့မှာပေါ့"
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


2 comments:
အမုန်းဝင်္ကပါမှာ အချစ်ကိုရှာနေသလို
အတုတွေပြည့်နေတဲ့ ဒီကမ္ဘာမှာ
အစစ်ဆိုတာလည်း ပျက်သုဉ်းကုန်ပြီပဲ...
အစစ်တွေ လျော့ပါးနေတယ်ဆိုတာတော့ လက်ခံတယ် .. ကိုယ်တိုင်တောင် အတု အစစ် မသိနိုင်ပဲကိုး .. :D
အစစ်တွေ ရှားပါးပြီး အတုတွေပေါများလာခြင်းဟာ အစစ်တွေကို တန်ဖိုးတက်စေပါတယ်။
တစ်ဘက်ကလည်း အစစ်ဟာ အတုလာအထင်မှားတတ်သလို အတုကို အစစ်လို့ ထင်မိတတ်ကြပြန်ရော။
တစ်ခုတော့ရှိတယ်။
တစ်ချိန်မှာတော့ အချစ်စစ်စစ်နဲ့ ချစ်ခဲ့မယ်။ အခုအချိန်မှာတော့ ရှေ့ဆက်ချစ်လို့ မရနိုင်တော့ဘူး။
ဒါဆိုရင် အရင်က ချစ်ခဲ့တဲ့ အချစ်ဆိုတာ အတုလား အစစ်လား။
ကဗျာလေး ဖတ်ပီး တွေးမိတာ ပွားသွားပါတယ် “ဂျေး” ရေ
Post a Comment