Sunday, November 29, 2009

လူ့လောက

ပျော်ရွင်ခြင်းမဲ့ နေ့များစွာထဲ
ပုံစံခွက်ထဲ ရောက်ရှိနေတဲ့
ကိုမပိုင်တဲ့ ဒီအချိန်နဲ့
လည်ပတ်နေတဲ့ ဒီကမ္ဘာမြေ...

သံသရာက ၀ဋ်ကြွေးတွေကို
ဒီဘ၀မှာ အကုန်ဆပ်ဖို့
ငါ့ဘ၀ကို ကြမ္မာလက်ထဲ
လိုရာသုံးဖို့ ပေးအပ်ခဲ့ပြီ...

သုညအဖြစ် ဘ၀ကိုစ
အောင်မြင်မှုကို စိတ်မှာတောင်းတ
ယိုယွင်းမှုနဲ့ တည်ဆောင်ထားတဲ့
လမ်းပျောက်နေတဲ့ အခုဘ၀...

လူတွေလျှောက်တဲ့ ဒီလမ်းတွေက
ဆူးများစွာနဲ့ ကွေးကောက်လိမ်ဖယ်
ပညာအတတ် မဲ့တဲ့လူက
ဆူးကြားမှာတင် ဘ၀ဆုံးခဲ့...

ဆန်းကျယ်လှတဲ့ လူ့ဘ၀ကား
ရုပ်ရှင်ကားလို သာယာနိုင်ဖို့
လမ်းပြခဲ့ပါ အောင်မြင်သူတို့
လူ့လောကကို စိတ်ကုန်လွန်းလို့...


"မင်းကိုချစ်တဲ့သူ"

3 comments:

ညရဲ့ကောင်းကင် said...

ဘာတွေကိုစိတ်ကုန်နေတာလဲ ညီရ...
လမ်းလျှောက်နေသရွေ့ လမ်းရှိနေအုန်းမှာပါ..

Mogok Thar said...

လူ့ဘ၀ဆိုတာ
ရခဲပါဘိ ညီလေးရေ
အဆင်ပြေတာ မပြေတာ
သံသရာ ကံကြမ္မာ
အရာရာအားလုံးက
ရေတစ်ပွက်မျှပေါ့
ထပ်မရမဲ့ အချိန်တွေအတွက်
ရုန်းထွက်နိုင်မဲ့လမ်း တွေ့ပါစေဗျာ။

(ခင်မင်လျက်)

moekhar said...

ဟေ
ဘာတွေ စိတ်ကုန်နေတာတုန်း ..

Post a Comment