အိပ်မရတဲ့ညတစ်ည
ထွက်ကျလာတဲ့ အတွေးတစ
အတိတ်ကအချိန်ကို တမ်းတရင်း
ရယ်မောနေတဲ့ လူတွေရဲ့ကြား
ငါတစ်ယောက် မပျော်နိုင်ပါလား...
ဟန်ဆောင်ကာ ပျော်နေလည်း
လူတကာက မေးမြန်းဆဲ
ဘာအခက်အခဲ ရှိနေလဲ
အကဲခက် တတ်တဲ့လူတွေရဲ့ကြား
ငါတစ်ယောက် ဟန်ဆောင်မရပါလား...
ပျော်ရွင်ချိန် သူနဲ့တွေ့ချိန်
စိတ်ညစ်ချိန် သူမရှိ ချိန်
ငါပျော်နေပေါ့ သူအမြင်မှာတော့
ချစ်သူစကားကို သုံးသပ်ကြည့်တော့
အပြုံးတုတွေတောင် အသက်ဝင်နေပြီပေါ့...
ချစ်သူပြောတဲ့ ပုံပြောကောင်းသူ
လိမ်ညာတတ်သူ ဟန်ဆောင်ကောင်းသူ
မချစ်တတ်သူ အလိုက်မသိသူ
ဒါတွေမှန်သမျှ နေရာမရအောင်
စွပ်စွဲခံရလည်း ငါတစ်ယောက်တော့
အပြစ်မမြင်ဆဲပါပဲ....
ဟန်ဆောင်ကောင်းတယ် ဆိုတဲ့
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago

