ပျော်စရာ လောကမှာ
ဒေါသတွေ အထပ်ထပ်
တရက်ပြီး နောက်တရက်
စောဒက တက်မှုကြောင့်
သောကတွေ များနေခဲ့...
လိုတာမရ ရတာမလို
ကြံရာမရ ပြန်ကာရတဲ့
ဒီဘ၀မှာ အနှောက်အယှက်
ကယောက်ကယက် ဖြစ်နေခဲ့တဲ့
မက်စောက်လှတဲ့ လောကကြီးရယ်...
ပင်လယ်ရေမှာ ဆားငန်ဓာတ်များ
မသန့်ရှင်းတဲ့ မြစ်ရေကန်များ
ညစ်ပတ်နေတဲ့ ရွံ့ရေကန်နဲ့
ထပ်တူကြတဲ့ လူတွေရဲ့စိတ်
အရောင်မှိန်လို့ အတ္တတွေပိတ်
ပျောက်ပျက်သွားတဲ့ ဖြူစင်တဲ့စိတ်...
ရောင်ခြည်အိပ်လို့ နေ၀င်ခဲ့တဲ့
အမှတ်မထင် ဖြတ်ကျော်သွားတဲ့
ကုန်ဆုံးခဲ့တဲ့ မနေ့ကအချိန်ကို
သုံးသပ်ကြည့်တိုင်း တိုးတက်မှုက
အကောင်းမရှိ အဆိုးတွေပိလို့
ရုန်းမထွက်နိုင်ပဲ အမုန်းတွေပဲဆင့်ပွား
သနားစရာ ဥပက္ခာ လောကသားများ....
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago

