ဆုံဖို့မရှိတော့တဲ့ ဒီလမ်းမမှာစောင့်နေခဲ့တဲ့
လူတစ်ယောက် ခြေဦးတည့်ရာလမ်းနှင်လို့
ကမ်းမမြင်နိုင်တဲ့ ပင်လယ်ပြင်မှာကူးခတ်ရင်း
အလှမ်းပင်ဝေးခဲ့တယ်...
အသိအမြင်မရှိတဲ့ သတ္တ၀ါတွေမှာ
နေ့စဉ်လုပ်ငန်း ဆောင်တာတွေနဲ့
သက်ရှင်လုပ်ရှား နေကြလည်း
ငါ့မှာတော့ ရောက်ရာကိုသွားရမလို
လျှောက်စရာလမ်းတွေမှားပြီးရင်းမှာနေခဲ့ပြီ...
အနှစ်သာရမရှိတဲ့ နေညတိုင်းကို
အပြစ်ရှာကြည့်ရင်လည်း ငါ့အမှားတွေပဲလို့
တွေးတောရင်း ဘ၀နာဇာတ်တစ်ခန်းကိုရပ်ရအောင်
အသစ်ကပြန်စချင်တယ်...
မနေ့ကဆိုတာ အိပ်မက်
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်
ဒီနေ့တာ ဘ၀လို့ဆိုရင်လည်းပြိုကွဲနေတဲ့
ဘ၀ကိုမထုဆစ်မှီအတုအစစ်ခွဲရင်း
မျှော်လင့်ချက်တွေကို ပုံဖမ်း
ရုန်းရလွန်းလို့ အင်အားလည်းကုန်ခန်းနေပါပြီ...
ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို
နှမြောတသစွာ ရေတွက်ရင်း
ကံကြမ္မာနဲ့ စီးခြင်းထိုးပွဲမှာအနိုင်ရအောင်ကြံဆောင်
လှောင်ပြောင်နေတဲ့ လူတွေကိုအလံဖြူပြလို့
ရန်တွေကင်းအောင်ဖြတ်သန်းပါရစေ.......
"မင်းကိုချစ်တဲ့သူ"
Jaw Bon (ဂျော်ဘွန်)
-
JawBon tower located in Myitkyina, Kachin state, Myanmar. A memorable place
for youth. Used to be One of the famous places for picnic. Several parties,
pic...
4 hours ago


5 comments:
ဟိတ်....... ကောင်ကလေးးးးးးးးး ဘာတွေဖြစ်........ အလံဖြူတော့ မပြနဲ့ ကွယ်........ ကိုယ့်ခရီးကိုယ်လျှောက်နေတာ... ဘယ်သူ့ မှ အလံဖြူပြစရာလိုဘူးကွဲ့ 
ဘဲကြီး....နောက်လှည့်မတွေး....မနှမြောပဲ
မနက်ဖြန်တိုင်းကောင်းအောင်နေတက်ပါစေဗျာ
ကဗျာလေးက လောကဓံတွေကြား မောဟိုက်နေပြီထင်ပါရဲ့။
ဘာတွေ ဖြစ်နေတာလဲ ..
မနက်ဖြန် ဆိုတာ ရှိနေသေးသ၍
ဘာမှ စိတ်ဓာတ်ကျဖို့ မလိုပါဘူးးး ..
အရေးကြီးတာ ကိုယ့်ရဲ့ စိတ် ပါ ...
အိုကေ ... !
စိတ်ဓာတ်ကျ ဖို့ မလိုပါဘူးးးး ဗျာ ....
i really like your poem of life
that is cool
Post a Comment